မင်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်းဆောင်ရွက်

အထက်မင်းလှ မတ်  ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှဆေးကုသစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက သက္ကယ်ကျင်းကျေးရွာ‌အုပ်ချုပ်ရေးမှူးအိမ်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်နှင့်၊ စာဖတ်ခြင်းဖြင့်ရရှိစေသော အကျိုးကျေးဇူးများအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး၊ မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူများအားရောဂါလက္ခဏာများကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေးဖြင့်ဆေးကုသပေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းစသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)