ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ရေနံချောင်း မတ် ၁၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စု ချောင်းဝကျေးရွာ၌ မတ် ၆ ရက်နေ့တွင် မီးလောင်မှုကြောင့် နေအိမ်ခြောက်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အဆိုပါမီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်သည်။

ထိုသို့ထောက်ပံ့ရာတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် တာဝန်ရှိသူများက ချောင်းဝကျေးရွာမှ မီးဘေးသင့်ပြည်သူ ကျား(၁၃)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၃၀)ဦးတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ စုစု‌ပေါင်းငွေကျပ် ၉၂၂,၇၃၈ တန်ဖိုးရှိ ကယ်ဆယ်ရေးပုံး(၆)ပုံးကို  ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)