တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ် မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း နွေရာသီသင်တန်းများနှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားရေးအတွက် ခေါ်ယူညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ လူငယ်များ နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြမည့်သူများဖြစ်သည့်အတွက် လူငယ်ပြုစုပျိုးထောင်ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် အနက်လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံကနေ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန်အတွက် ကော်မတီဝင်ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး တင်ပြကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှူးက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)