ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် တပေါင်းပွဲတော်(ဗုဒ္ဓပူဇနိယပွဲတော်) စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်

ဘိုကလေး မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် မတ်လ(၈)ရက်နေ့မှစတင်၍ တပေါင်းပွဲတော် (ဗုဒ္ဓပူဇနိယပွဲတော်)အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ၎င်းပွဲတော်အား မတ်လ(၁၅)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီး၏ ယခုနှစ် တပေါင်းပွဲတော် (ဗုဒ္ဓပူဇနိယပွဲတော်)တွင် ဈေးအရောင်းပွဲတော်များ၊ အပျော်စီးလှေ၊ ချား၊ ရဟတ်များ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပလျက်ရှိပြီး တပေါင်းလပြည့်နေ့၊ မတ်လ(၁၃)ရက်နေ့နံနက်ပိုင်းတွင် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်မည်ဖြစ်ပြီး တပေါင်းလပြည့်နေ့ ညနေပိုင်းအချိန်၌ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးအတွင်း၌ အသစ်တစ်ဖန် တည်ထားနေသည့် တာဝတိံသာစေတီတော်မြတ်ကြီး၏ အထွဋ်စေတီတော်အား ရတနာအုတ်မြစ်စီမင်္ဂလာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)