ကြံခင်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းနေကြာ စံပြစိုက်ခင်းအား ယနေ့နံနက် ၉ နာရီက ရွာသစ်အုပ်စု၊ တောင်သူဦးအောင်သူ၏ ကိုင်းမြေ၊ ကွင်းအမှတ် ၁၈၉၆- ဦးပိုင်အမှတ် ၃၃၇၊ Super Sun-41၊ (၂.၀၀) ဧက စံကွက်ရိတ်သိမ်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းနေမှုကို ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များက ဆောင်းနေကြာစံကွက်ရိတ်သိမ်းနေမှု၊ ခြွေလှေ့နေမှု တို့အား ကြည့်ရှုအားပေးကြပြီး တောင်သူများအနေဖြင့် ထွက်နှုန်းပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် ဒေသအတွင်းဆီဖူလုံရေး အတွက်တစ်ပိုင်တစ်နိုင်ကစ၍ စီးပွားဖြစ်စိုက်ပျိုး နိုင်ရေးကို ကြိုးစားပြီးစိုက်ပျိုးသွားကြရန် မှာကြားခဲ့သည်။
ထိုသို့စံပြကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစတိုင်းသာနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာကျော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ရွာသစ်အုပ်စု၊ တောင်သူဦးအောင်သူ၏ လယ်မြေ(၂.၀၀) ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြွေပြီး နေကြာ(၃၅.၇၃)နှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရ သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)