ဟင်္သာတမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနများ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ဟင်္သာတ မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို စာစစ်ဌာန ၁၃ ခုဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား‌၊ ကျောင်းသူများ အေးချမ်းစွာစာ‌မေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးအတွက် ယနေ့နံနက်(၁၀)နာရီက ဟင်္သာတမြို့ပေါ်ရှိစာစစ်ဌာန ဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်းကျောင်းများသို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။          

အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာစာစစ်ဌာနများအလိုက်တာဝန်ခံများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများမှ ကျောင်းဝင်းများအတွင်း အမှိုက်များရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးချိတ်၊ မီးကတ်များအသင့် ဆောင်ရွက်ထားရှိမှု၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်ခြင်းရှိ/မရှိတို့အားစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။   

ခရိုင်(ပြန်/ဆက်)