ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပွဲ ကျင်းပ

ပခုက္ကူ မတ် ၁၁

၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမာက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က ကမ္ဘာ့စားသုံးသူရေးရာအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားနိုင်မည့်အကျိုးကျေးဇူးများ၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်ပစ္စည်းများအကြောင်းတို့ကို ရှင်းလင်းဟောပြောကြပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်များ ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောကက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာနှင့်စီမံရေးရာဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး စားသုံးသူရေးရာနှင့်ပတ်သက်ပြီး သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)