အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သတ္တမအကြိမ်မြောက် A.G.T.I ဒီပလိုမာလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရေနံချောင်း မတ် ၁၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ သတ္တမအကြိမ်မြောက် A.G.T.I ဒီပလိုမာလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ကြီး ဒေါက်တာဝင်းစန္ဒာ၊ စီမံခန့်ခွဲရေးနှင့်ပညာရေးအဖွဲ့ဝင်များက စင်မြင့်ပေါ်ရှိသတ်မှတ်နေရာများတွင် နေရာယူပြီး တက်ရောက်လာသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် ကျောင်းအုပ်ကြီးက A.G.T.I ဒီပလိုမာအပ်နှင်းခံရသည့် မောင်မယ်များအား စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်ပြုကြမည်လောဟု မေးမြန်းဆောင်ရွက်သည်။

ဆက်လက်၌(၂၀၂၃-၂၀၂၄)ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)မှ A.G.T.I(တတိယနှစ်) အောင်မြင်ကြသူများအား ကျောင်းအုပ်ကြီး ဒေါက်တာဝင်းစန္ဒာက A.G.T.I ဒီပလိုမာလက်မှတ်များပေးအပ်ရာ တက်ရောက် ၁၀၁ ဦးနှင့် အဝေးရောက် ၂၀ ဦး စုစုပေါင်း ၁၂၁ ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဒီပလိုမာလက်မှတ်ပေးအပ်ခံရသူများအနေဖြင့် ဒီပလိုမာနှင့်လျော်ညီသော ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကျင့်သုံးကာ ဤကျောင်တော်ကြီးမှ သင်ခန်းစာများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများအပေါ်အခြေခံ၍ မိမိတို့ကျင်လည်ကြမည့် လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်မှုများဆွတ်ခူးနိုင်အောင် ကြိုးစားကြစေလိုကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)