ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများဆောင်ရွက်

ပန်းတနော် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတနော်မြို့နယ် ရုံးတောကျေးရွာအုပ်စု ရန်ကုန်-အိမ်မဲ-ဝါးခယ်မကားလမ်း ဘေးရှိ Myat Mingalar စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ Myat Mingalar  စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)