ဓနုဖြူ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက စက္ကော့- ဓနုဖြူ-ဇလွန်အဝေးပြေးကားလမ်းဘေးရှိ မေခလာစက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးနောင်နောင်က မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ မေခလာ စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)