နန်းယွန်း မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမားရေးဌာနတွင် အသက်(၅)နှစ်အောက် ကလေးသူငယ်များအား သံချဆေး၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် ကလေးသူငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သံချဆေးများ၊ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါဆေးများ တိုက်ကျွေးပေးခြင်းကို မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ ကလေးသူငယ်(၂၀၀)ဦးခန့်တို့ကို တိုက်ကျွေးပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မိခင်နှင့်ကလေးကျန်းမားရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)