ခန္တီးမြို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ခန္တီး မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ချင်းတွင်းမြစ်ကမ်းနားတလျှောက်တွင် ယမန်နေ့က ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်းကာ ထူထပ်နေသည့် ခြုံ၊ နွယ်၊ မြက်ပင်၊ ကိုင်းပင်များ ရှင်းလင်းခြင်း၊ အမှိုက်မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သန့်ရှင်းရေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)