ခန္တီးမြို့၌ နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်လှစ်

ခန္တီး မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နွေရာသီအင်္ဂလိပ်စာ အခြေခံ(Grammar)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က နွေရာသီကျောင်းပိတ်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံ(Grammar)အား ပိုမိုသိရှိနားလည်လာစေရန်နှင့် နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့်အတွက် အင်္ဂလိပ်စာနှင့်ပတ်သက်သည့် သင်တန်းများအဓိကထား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်မို့မို့စံက သင်တန်းသား/သူလေးများအား အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းမှာ မတ်လ(၁၀)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၃)ပတ်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)