နတ်မောက် မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က Book Club အဖွဲ့ဖြင့် ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “အောင်မြင်မှုအတွေ့အကြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် နောင်တစ်ခေတ်၏ မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ နိုင်ငံတာဝန်ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ဗလငါးတန်းဖြင့် ပြည့်စုံသော လူတော်လူကောင်းများဖြစ်ရန် ကြိုးစားစေလိုပါကြောင်းနှင့် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “အောင်မြင်မှုအတွေ့အကြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည့်အတွက် လူငယ်များအကောင်းဆုံးဘဝကို တည်ဆောက်နိုင်မည့် အတွေးအမြင်၊ ခံယူချက်၊ စိတ်ထားနှင့် ဗဟုသုတများတိုးပွားလာမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က “လူငယ်တွေအနေဖြင့် မိမိတို့၏ နွေရာသီအားလပ်ချိန်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးသင်တန်းများ တက်ရောက်စေချင်ပါကြောင်း၊ သင်တန်များတက်ရောက်ရာတွင်လည်း မိမိတို့သင်ယူမှုများကို အရည်အသွေးတွေ ကျောင်းလာအောင် နေ့စဉ်နေ့စဉ် မိမိကိုယ်မိမိတို့ ပြုစုပျိုးထောင်ရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး စာပေဝါသနာရှင်လူငယ်တစ်ဦးမှ ခါးတီးတဲ့အတွေ့အကြုံတွေနှင့် အရင်တွေ့ရမှာဖြစ်ပြီး ခါးသီးတဲ့အတွေ့အကြုံတွေပေါ်ကနေ သင်ခန်းစာတွေထုတ်ပြီး လေ့လာသင်ယူရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
မူမူစန်း