မြို့သစ်မြို့နယ်ရုံး (Community Centre)တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မြို့သစ် မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနွေရာသီကာလ၌ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင်အခြေခံကျကျ  ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်ဖြစ်သည့် ပန်းချီဆရာဦးတင်မောင်ဝင်းက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင်ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့်ပုံစံအမျိုးမျိုး၊ အရောင်ခြယ်ပုံခြယ်နည်း၊ အလင်းအမှောင်နှင့်ပန်းချီရေးဆွဲနည်းဆိုင်ရာအကြောင်းအရာများကို သင်ကြားပြသပေးမည်ဖြစ်သည်။

အဆိုပါ   အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် အခြေခံပညာမူလတန်း/အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတက်ရောက်ကာ မတ်လ (၁) ရက်နေ့မှ (၃၁)ရက်နေ့အထိ၊ ညနေ (၄)နာရီမှ (၅)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)