ကရသူရိ မတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် မဟာဓမ္မရာဇမုနိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဓမ္မရက္ခိတကုန်းတော်၊ မဟာဓမ္မရာဇမုနိစေတီတော်မြတ်ကြီး၌ ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ကြပြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဓမ္မရက္ခိတဓမ္မာရုံ၌ ကရသူရိမြို့၊ မြို့ဦးကျောင်းထိုင်ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ကန်တော့၍ အနုမောဒနာတရား နာကြားကာ သံယာတော်အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာဓမ္မရာဇမုနိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အခမ်းအနားကို အမှတ်(၅၅၅) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးကြီးမိသားစုတို့က ကြီးမှူး၍ အရာရှိ၊ စစ်သည်မိသားစုများ၊ ကရသူရိမြို့ ဌာနဆိုင်ရာများနှင့် မြို့သူ/မြို့သားများ၏ မြတ်ဒါနများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)