ပေါက်ခေါင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၅-ခုနှစ်အတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပတ်၊ ဖူးစားပြောင်းနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၉၂၉ ဧကစိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ကျော်လွန် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဆောင်းသီးနှံစားဖိုဆောင်သီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ၏ သီးသန့်ယာမြေများနှင့်ခြံမြေများတွင် ငရုတ် ၄၉ ဧက၊ ဖူးစားပြောင်း ၉၄ ဧက၊ ကြက်သွန်နီ ၂၅၅ ဧကနှင့် ခရမ်းပင်၊ မုန်လာ၊ ပဲတိုင်ထောင်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၅၃၁ ဧက၊ စုစုပေါင်း ၃၉၂၉ ဧက စိုက်ပျိုးထားနိုင်ခဲ့သည်။ စိုက်ပျိုးရေးနည်းပညာ အားကောင်းလာသည့်အတွက် အထွက်နှုန်းနှင့် သီးနှုန်းအားကောင်းသည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများအဓိက စိုက်ပျိုးရောင်းချသည့် ငရုတ်၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များ၊ ပဲရှည်သီး၊ ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ခရမ်းချိုသီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ မုန်ညင်း၊ ကြက်ဟင်းခါးသီးတို့အပြင် ဖူးစားပြောင်းနှင့် ကွမ်းပင်များကိုလည်း မြေအောက်အဝီစိတွင်းရေနှင့် ဆည်ရေတို့အသုံးပြု၍ စိုက်ပျိုးကြသည်။
အဆိုပါ စားဖိုဆောင်သီးနှံစိုက်ပျိုးသည့် ဝောာင်သူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းစနစ်များနှင့် ပိုးမွှားကျရောက်မှုကာကွယ်ရေးဆိုင်ရာ နည်းပညာများအား အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)