ရွှေဘို မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့မြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရွှေရတုခန်းမ၌ ယနေ့နံနက်ပိုင်းက ဌာနတွင်း၊အရာထမ်း၊အမှုထမ်းများကို ဥပဒေပညာရပ်ဆိုင်ရာ အသိပညာပြန့်ပွားရေး တိုင်းဒေသကြီးအဆင့် (ဆင့်ပွား) ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးဗိုလ်ဗိုလ်နိုင်က အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများကို ပြန်လည်သင်ကြားပေးမည့် ဆရာ ဆရာမများအား ဥပဒေနှင့်ပတ်သက်ပြီး ဥပဒေပညာသဘောသဘာဝများကို နားလည်သဘောပေါက်စေရန် ဆွေနွေးပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးဝင်းနိုင်က ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး၊ နည်းပြများက သက်ဆိုင်ရာဘာသာရပ်များ အလိုက်ပို့ချပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို ၂ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)