တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဘုရား​​စေတီပုထိုးများနှင့် သာသနိက အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အဦများအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရွှေအင်းတောင် စေတီမြတ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ​မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်စမခန်းမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ ​မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲဝင်များနှင့် ရွှေအိုးနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲဝင်များပူးပေါင်း၍ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ လျှပ်စစ်ဝါယာကြိုး သွယ်တန်းထားရှိမှုများ၊ ဆီမီး၊ အမွေးတိုင်များ ပူဇော်ရာတွင် မီးလောင်မှုမဖြစ်ပေါ်စေရေး စနစ်တကျထားရှိမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးအတွက် ထားရှိသည့် ရေသိုလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၊ မီးချိတ်၊ မီးကပ်၊  မီးသတိ​ပေးစာတမ်းများ၊  ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် သစ်ရွက်ခြောက်များမှ အလွယ်တကူမှ မီးလောင်မှုမဖြစ်ပေါ်စေရေး သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ထားရှိရန်၊ မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ/မရှိ၊ မလိုအပ်သည့် မီးကြိုးဟောင်းများ၊ မီးပလပ်ခုံများအား စနစ်တကျ စွန်ပစ်ထားရှိရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)