မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တရုတ်စကားပြောသင်တန်းအခမဲ့ဖွင့်လှစ်

မုံရွာ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူလေးများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ အချိန်ကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် တရုတ်စကားပြောသင်တန်းကို  ယနေ့နံနက်ကစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းသားသင်တန်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိရှိ အသုံးချစေကြောင်းနှင့် သင်တန်းမှပို့ချမည့် တရုတ်စကားပြောနှင့် တရုတ်စာရေးနည်းများကို သင်တန်းပြီးဆုံးအောင် တက်ရောက်ကြပြီး သေချာဖတ်မှတ် လေ့လာဆည်းပူးကြရန် လက်တွေ့နယ်ပယ်တွင် အားလုံးအကျိုးရှိအောင် ဆောင်ရွက် ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မုံရွာမြို့ “အောင်” တရုတ်စကားပြောသင်တန်းမှ နည်းပြဆရာမက တရုတ်စကားပြောနှင့်တရုတ်စာရေးနည်း ဘာသာရပ်ကို စာတွေ့လက်တွေ့ပိုချပေးလျက်ရှိပြီး အဆိုပါသင်တန်းသို့ မုံရွာမြို့ပေါ် ရပ်ကွက်များမှ ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ၂၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှ မတ်လ ၁၀ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)