ရေဖြူ မတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီ၌ (ခ) ရပ်ကွက်ရှိ နေအိမ်နှင့်ဈေးဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမင်း ဦးဆောင်၍(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း နေအိမ်နှင့် ဈေးဆိုင်များအား မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ ရေအိုး/ရေစည်/ရေကန်များ ရေသိုလှောင်ထားမှု စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို အိမ်ရှင်နှင့် ဈေးရောင်းချသူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကိုမင်းထံမှ သိရသည်။
ခတ္တာ (ပြန်/ဆက်)