မြို့သစ် မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ကျင်းပသည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ပြည်သူများ လေ့လာကြည့်ရှု သိရှိနိုင်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ စျေးရောင်း/စျေးဝယ်သူများသို့ ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် “ကုန်စည်နှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် ဆက်သွယ်ရမည့်တာဝန်ရှိသူ အဆင့်ဆင့်၊” စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)