ကျွန်းလှ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစွမ်းရည်မြှင့်မား တိုးတက်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဇင်မာဝင်းက သင်တန်းပို့ချမည့် ဘာသာရပ်ဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ်အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၃ ရက်မှ ၁၃ ရက်နေ့ထိ ငါးရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)