ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး သာပေါင်းမြို့နယ်၌ နေကြာ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေး

သာပေါင်း မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မတ်လ ၆ ရက်နေ့နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးတို့က သဲဖြူကျေးရွာအုပ်စု၊ သန်လျက် စွန်း ကျေးရွာ၊ ရိုးပြတ်ကျန်လယ်မြေ (၂၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ(SuperSun-41)မျိုး(၆၅)ရက်သား စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ပညာရှင်အဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဝမ်းနှင့်အဖွဲ့၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတို့က သာပေါင်းမြို့နယ်၊သဲဖြူ ကျေးရွာအုပ်စု၊ သန်လျက်စွန်း ကျေးရွာတောင်သူဦးမြင့်စိုး၊ ကွင်းအမှတ်(၆၇၉)၊ဦးပိုင်(၄/၂)၊၏ ရိုးပြတ်ကျန် လယ်မြေ (၂၀)ဧကပေါ်တွင် စိုက်ပျိုးထားရှိသည့် စံပြဆောင်းနေကြာ(SuperSun-41)မျိုး (၆၅)ရက်သားစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(သာပေါင်း ပြန်/ဆက်)