ပေါင်းတည် မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၁ နာရီက အခြေခံပညာအလယ်တန်းဆင့်(Grade-9)နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
ယနေ့ နောက်ဆုံးနေ့တွင် သိပ္ပံဘာသာရပ်စာမေးပွဲကို မြို့နယ်အတွင်းစာစစ်ဌာန (၈) ခု၌ ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ခဲ့ကြကြောင်း သိရသည်။
မတ်လ ၃ ရက်နေ့မှ စတင်၍ နေ့စဉ် တစ်ဘာသာနှုန်းဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ စုစုပေါင်း ဘာသာရပ် (၆)ခု တတ်မြောက်မှုကို ယခုနှစ်ဆုံးစာမေးပွဲတွင် စစ်ဆေးခဲ့ ကြရာ ပေါင်းတည်မြို့နယ်အနေဖြင့် ၀င်ရောက်ဖြေဆိုခွင့်ရှိသူ Grade-9 ကျောင်းသား (၃၇၀)ဦး၊ ကျောင်းသူ (၄၁၁)ဦး စုစုပေါင်း (၇၈၁)ဦးဖြေဆိုခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)