လေးမျက်နှာမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ

လေးမျက်နှာ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းအုပ်စု ကြီးပေါက်ကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်း‌နေကြာ စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို တောင်သူဦး‌ကျော်လှိုင်ဝင်း၏ လယ်မြေတွင် ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြင်းကို ကွင်းအမှတ်(၉၇၃)၊ ဦးပိုင်အမှတ်(၈/၂)၊ တောင်သူဦးကျော်လှိုင်ဝင်း၏ လယ်မြေ (၁၀.၀၀) ဧကတွင် ရိတ်သိမ်းခဲ့ရာ ဆောင်း‌နေကြာ အိန္ဒိယစပ်မျိုး  တစ်ဧကအထွက်တင်း (၄၈.၀၆)တင်းနှုန်း ထွက်ရှိကြောင်းသိရသည်

အဆိုပါ  ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊  မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများတတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)