ရွှေဘို မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ရတနာင်္ဃ သာသနာ့ဗိမ္မာန်တော်ကြီးတွင် မြို့နယ်သံဃနာယကအဖွဲ့ရုံးဆောက်လုပ်ရန် အလှူငွေပေးအပ်ခြင်းနှင့် ပနန္နက်တော်တင်မင်္ဂလာခမ်းအနားကို ယနေ့နံနက် (၇)နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့နယ် သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဘဒ္ဒန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဿုတထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှ အလှုငွေများလှူဒါန်းခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ ပါဠိကာရိတုလွတ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တစန္ဒဝံသလင်္ကာရာသီဝံသမှ အနုမောဒနာတရားတော်ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံတိဠတု" သုံးကြိမ်ရွတ်ဆို၍ ပထမပိုင်းအခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်သံဃာ့နာယကရုံး ပန္နက်တော်တင်မင်္ဂလာကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးဦးဆောင်ကာ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက နေ့နံများအတိုင်း ပန္နက်တော်များတင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါအဆောက်အဦကို အလျား (၃၆)ပေ၊ မျက်နှာစာအခန်းဖွင့် (၂၇)ပေ (နားနေခန်း(၁)ခန်းအပါ) တစ်ထပ် သံကူကရစ်၊ Steel Structure အမိုးဖြင့် ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရွှေဘိုခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ရွှေဘိုတပ်နယ်မှူးနှင့် အရာရှိစစ်သည်မိသားစုဝင်များ၊ စေတနာရှင်အလှူရှင်များ၏ စုစုပေါင်းကနဦး မတည်လှူဒါန်းငွေကျပ် (၃၇၀၀၀၀၀၀ိ/)ကျပ် သိန်းသုံးရာ့ခုနှစ်ဆယ်တိတိ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)