မြန်အောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့် အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချ

မြန်အောင်    မတ်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချခြင်းကို ယမန်နေ့နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးက မြန်အောင်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များစျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍မြန်အောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရာ အခွင့်အရေးလိုင်စင်(၁၈)ခုအား (၂၇၀၈၆၀၀၀၀)ကျပ်ရရှိပြီး အရပ်ရပ်အခွင်အရေးလိုင်စင်(၅)ခု ရောင်းချရန် ကျန်ရှိကြောင်း၊  အရပ်ရပ်အခွင့်အရေးလိုင်စင် သက်တမ်းတိုးစနစ်ဖြင့် လိုင်စင်(၄၆)ခုအား ရောင်းချခဲ့ရာ (၁၈၆၂၀၀၀၀) ကျပ်ရရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)