တောင်ငူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပွဲ ကျင်းပ

တောင်ငူ မတ် ၈

ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း​ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က တောင်ငူမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပြ)အဖွဲ့ဝင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အခက်အခဲများအား မေးမြန်းကာ အားပေးစကားပြောကြားပြီး ကြက်ဥနှင့် အသင့်စားခေါက်ဆွဲခြောက်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)