ဒေးဒရဲမြို့နယ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန(၄)ခု၌ ကျောင်းသား၊ ကျောင်းသူ(၉၃၉)ဦး ဝင်ရောက်ဖြေဆိုသွားမည်

ဒေးဒရဲ မတ် ၈

၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၉၃၉) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံအဝန်းစာစစ်ဌာနအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပတော့မည်ဖြစ်ရာ ဒေးဒရဲမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က(တော်ကမယ်)၊ အ.ထ.က(ကျုံဒါး)နှင့် .ထ.က(နောက်ပြန်ဒိုး)တွင် စာစစ်ဌာန()ခုဖွင့်လှစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျင်းပပေးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ(၉၃၉)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ စာမေးပွဲဖြေဆိုပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကိစ္စများကို အထူးအလေးပေးကာ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

အေဇာလင်း