အမာမြို့ လူထုအခြေပြုဗဟိုဌာန၌ သနပ်ခါးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

အမာ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူထုအခြပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်လေးလီယန်က သနပ်ခါးရဲ့အဓိပ္ပယ်အကြောင်း၊ သနပ်ခါးရဲ့အကျိုးကျေးဇူးများ အကြောင်း၊ သနပ်ခါးပေါက်ရာဒေသများအကြောင်းတို့ကို ဟောပြောခဲ့ပါသည်။

ဆက်လက်၍ သနပ်ခါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တက်​ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)