ညောင်တုန်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် ပထမအကြိမ် လေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လေလံပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌက လေလံစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၁)ခုကို ပထမအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာ ကြမ်းခင်းဈေး ကျပ်သန်း(၃၆၉.၉၃၃)အပေါ် ကျပ်သန်း(၄၂၁.၂၀၀)ဖြင့် ရောင်းချနိုင်ခဲ့ပြီး ကြမ်းခင်းစျေးထက် ကျပ်သန်း(၅၁.၂၆၇) ပိုမိုရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)