မအူပင် မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မတ်လ(၅)ရက်နေ့၌ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်လှုပ်ခတ်မှုဖြစ်ပွာခဲ့မှုကြောင့် ပျက်စီးခဲ့သည့်နေရာများအား ရှင်းလင်းရေး ဆောင်ရွက်မှုအား ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှသွပ်ပြားများ၊ပျဉ်ပြားများ၊ မှန်ကွဲစများနှင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အုတ်နံရံများအား ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)