တောင်တွင်းကြီး မတ် ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ(၄၀)ဦးက သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာစာအုပ်ပါ အထွေထွေဗဟုသုတမေးခွန်းများကို ဝင်ရောက်ဖြေဆိုကြပြီး ဆုရရှိသူကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)