တောင်တွင်းကြီး မတ် ၇
ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းပညာရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်း၀င်စေရန်အတွက် အင်္ဂလိပ်စာ 4 Skills သင်တန်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပညာဒါနအဖြစ် (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂလိပ်စာ 4 Skills သင်တန်းကို ဆရာဦးစိုးလွင်(အင်္ဂလိပ်စာ)မှ သင်ကြားပို့ချပေးပြီး Grade (5)နှင့်အထက် ကျောင်းသား/ကျောင်းသူ (၁၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပညာဒါနအဖြစ် (အခမဲ့)သင်တန်းများကို ဖွင့်လှစ်ရာတွင် အင်္ဂလိပ်စာ 4 Skills သင်တန်းကို မတ်လ (၃)ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ (၄) ပတ်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၈)နာရီမှ ၉ နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ရှည်ကာလတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများပုံမှန်ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)