မိုးညို မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာရှိ ထိန်တောမြို့မဈေး သန့်ရှင်းသာယာလှပစေရေးအတွက် အရိပ်ရအပင်နှင့် ပန်းအလှပင်များစိုက်ပျိုးခြင်းလုပ်ငန်းများကို မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထိန်တောမြို့မဈေးအား မြေသားပြုပြင်ခြင်း၊ ဈေးဆိုင်ခန်းများအား အသစ်ဆောက်လုပ်ခြင်း၊ ရေစင်နှင့် လျှပ်စစ်မီးများတပ်ဆင်ခြင်း စသည့်ဈေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအခါ ဈေးနှင့် ဈေးပတ်ဝန်းကျင် သာယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာနှင့် ဝန်ထမ်းများ၊ ထိန်တောမြို့မဈေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်တောမြို့မဈေးပတ်လည်တို့၌ အရိပ်ရပင်များ၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ဈေးအတွင်းနှင့် ဈေးအုပ်ချုပ်ရေးရုံးတို့၌ ပန်းအလှအိုးများထားရှိအလှဆင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဈေးသန့်ရှင်းသာယာလှပရေးနှင့် ဈေးစည်းကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)