ကလေးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ကလေး မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ ၂၅၆ ဦးအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်ကို ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ကလေးခရိုင်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးမြို့နယ်အတွင်းရှိကျေးရွာများမှ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)