သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး ညောင်တုန်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း မတ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ရောက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လင်းနိုင်မှ ကျေးရွာဆိုင်ရာအချက် အလက်များ၊ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာရှိပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တင်ပြဆွေးနွေးမှုအပေါ် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အုန်းပင်စုကျေးရွာရှိ ကုန်ထုတ်လမ်းဖောက်လုပ်ထားရှိသည့် အခြေအနေများ၊ ရေစင်ဆောက်လုပ်နေမှု အခြေအနေများနှင့် Green Houseနှင့် Net House အတွင်း စိုက်ပျိုး‌ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)