မော်လမြိုင်ကျွန်းမြို့၌ လူမှုဖူလုံရေးနှင့်အကျုံးဝင်သော အာမခံအလုပ်သမားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြား

မော်လမြိုင်ကျွန်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၌ လူမှုဖူလုံရေးနှင့်အကျုံးဝင်မှတ်ပုံတင်ထားသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် အလုပ်ဌာနများမှ မှတ်ပုံတင်ထားသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်လုပ်ငန်းများ ရှင်းလင်းပြောကြားသည့်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်လူမှုဖူလုံရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေဦးစွာလူမှုဖူလုံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာမွန်က ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် ချမ်းမြေ့အထွေထွေ ရောဂါကုဆေးခန်းမှ ဒေါက်တာဝမ်းထွဋ်က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ လူမှုဖူလုံရေးဦးစီးဌာနရုံးတွင်  မှတ်ပုံတင်ထားရှိသည့် အလုပ်ဌာနများမှ တာဝန်ရှိသူ ( ၂၅ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)