တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အသည်းရောင်အသားဝါ(အေ)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်တွင်းကြီး မတ် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် ယမန်နေ့က အသည်းရောင်အသားဝါ(အေ)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ရုပ်သံကျွမ်းကျင် () ဒေါ်မိုင်စန်းသီတာဌေးက အသည်းရောင်အသားဝါ(အေ)ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ အသည်းရောင်အသားဝါ(အေ)ရောဂါသည် အသည်းရောင်အသားဝါ(အေ)ရောဂါပိုးကြောင့်ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တက်စေ၍ ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်ကြောင်း၊ အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးငယ်များတွင် ပိုမိုဖြစ်ပွားတက်ကြောင်း၊ အသည်းရောင်အသားဝါ(ဘီ) သို့မဟုတ် (စီ) ရောဂါပိုးရှိသူ၊ အိပ်ချ်အိုင်ဗွီပိုးရှိသူများ ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ခြင်း၊ ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်းစသည့် ရောဂါလက္ခဏာများအကြောင်း၊ ကာကွယ်ရမည့်နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး တက်ရောက်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)