အထက်မင်းလှ မတ် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ လုံခြုရေးသတိပြုဆောင်ရွက်ရန်၊ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးလျက်ရှိရာ ဌာနဆိုင်များတွင်ရှိပါက စာရင်းပေးပို့ကြရန်၊ ထူးခြားဖြစ်စဥ်များ အချိန်နှင့်တစ်ပြေးညီပေးပို့ရန် Grade-5 နှင့် Grade-9 စာမေးပွဲဖြေဆိုလျက်ရှိပြီး မကြာမီ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လျှပ်စစ်မီးအဆင်ပြေစေရေးတို့အား သက်ဆိုင်ရာဌာနများမှပူးပေါင်းဆောင်ရွက်ရန်၊ နွေရာသီတွင် သင်တန်းများဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်း ကောက်ယူရာတွင် မှန်ကန်မှုရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန် ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက်လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာများလိုက်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)