ကလေးမြို့နယ် စုပေါင်းရုံးတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း (၈/၂၀၂၅)ဆင်းပွဲ အခမ်းအနားကျင်းပ

ကလေး မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း (၈/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူကြရမည့် သင်ခန်းစာများကို ဂရုစိုက်လေ့လာ၍ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ အောင်မြင်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ သင်တန်းသား သင်တန်းသူများ၊ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြသည်။  

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ ၅ ရက်မှ မတ် ၄ ရက်နေ့ထိ  သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချ‌ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)