အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့်ထုတ်ပေး

ပုသိမ် မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုသိမ်ဟိုတယ်မှ အာမခံအလုပ်သမား ဦးကျော်ရဲလင်း၏ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှုကြောင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့က ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးခဲ့သည့် အာမခံအလုပ်သမား ဦးကျော်ရဲလင်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် (၁၁၀)သိန်းနှင့်  သေဆုံးမှုအတွက် နာရေးစရိတ် ငွေကျပ် (၁၁)သိန်း၊ စုစုပေါင်း ငွေကျပ် (၁၂၁)သိန်းကို ကျန်ရစ်သူ၏ မိသားစုထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)