ပေါင်းတည် မတ် ၆
၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ကျောင်းသား ၁၈၈ ဦး၊ ကျောင်းသူ ၂၄၃ ဦး စုစုပေါင်း ၄၃၁ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတဝန်းစာစစ်ဌာန အသီးသီးတွင် မတ်လ ၁၇ ရက်မှစတင်၍ တစ်ပြိုင်တည်း ကျင်းပတော့မည်ဖြစ်ရာပေါင်းတည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) တွင်လည်း စာစစ်ဌာနဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများက လုံခြုံရေးကိစ္စများ၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကိစ္စရပ်များကို အထူးအလေးပေးကာ စနစ်တကျ စီမံဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေသား