ဖျာပုံ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အ.ထ.က (၁) ကျောင်း၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှု ကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က (၁) ကျောင်း ၊ရာပြည့်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအဖြစ် ဖျာပုံမြို့နယ် ပညာရေးမှူး ဦးထွန်းလွင်က နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ယနေ့အခမ်းအနားတွင်သနပ်ခါးနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ သနပ်ခါးပင်အကြောင်း၊ ဆေးဖက်ဝင်ပုံ၊ မြန်မာ့ဓလေ့နှင့်ချစ်မြတ်နိုးမှု၊ အသုံးပြုမှု၊လက်တွေ့သနပ်ခါးသွေးခြင်း၊ လိမ်းခြယ်ခြင်း၊ သရုပ်ပြခြင်း၊ သနပ်ခါးနှင့်သက်ဆိုင်သော ဓာတ်ပုံများပြသခြင်း စသည့်လှုပ်ရှားမှုများကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ အ.ထ.က. (၁) ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းက မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် သိရှိမှတ်သားဖွယ်ရာများအား ရှင်းလင်းပြောကြား ကြသည်။ထို့နောက်မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအဖြစ် တက်ရောက်လာကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များကို သနပ်ခါး လိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်၍ အသိပညာပေးပြသထားသော နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား ပြသဆောင်ရွက်သည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ ဖျာပုံမြို့ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးဝန်းအတွင်း ဘုရားဖူးလာရောက်ကြသည့်ပြည်သူများအား သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေးနံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား ပြသခဲ့ကြကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်
ခရိုင် (ပြန်/ဆက်)