ကြံခင်း မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မစည်ပင်သာယာရေးစျေးကြီးအတွင်း စားအုန်းဆီရောင်းချလျက်ရှိသည့်ဆိုင်များအား ယနေ့ ၈ နာရီအချိန်က ပူးပေါင်းအဖွဲ့တို့မှ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှုရှိ၊ မရှိ အရှိန်အဟုန်ဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံ ဦးတင်မောင်ဝင်းနှင့် ရပ်/ကျေးစာရေးတို့က စားအုံးဆီရောင်းချသော ဈေးဆိုင်များအား သက်မှတ်ထားသည့် စျေးနှုန်းဖြင့် မှန်ကန်စွာရောင်းချမှု ရှိမရှိနှင့် စနစ်တကျ တစ်နေ့ချင်းစာရင်းများ ရေးသွင်းထားမှု ရှိမရှိတို့အား ပူးပေါင်းအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးပြီး လိုင်နာမှုရှိသည့် အရောင်းဆိုင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)