သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ ဆက်လက်ဖြေဆို

 သနပ်ပင် မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ (၃) ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (သိပ္ပံစာနှင့်ပထဝီစာ)ဘာသာရပ်များအား ယနေ့နံနက်(၉) နာရီအချိန်တွင် သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade  5 နှင့် Grade -9 ကျောင်းသား/ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။      

သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade- 5 တွင်စာမေးပွဲဖြေဆိုသူ ကျား(၁၃၆၁) ဦး၊ မ (၁၃၀၂) ဦး စုစုပေါင်း(၂၆၆၃) ဦးနှင့် အလယ်တန်းအဆင့် Grade-9 တွင်ဖြေဆိုသူ ကျား( ၇၈၁)၊ မ( ၈၇၉) ဦး စုစုပေါင်း(၁၆၆၀) ဦးဝင်ရောက်ဖြေဆိုကျပြီးယနေ့၌ နှစ်ဆုံးစာမေးပွဲစတုတ္ထနေ့  (သိပ္ပံစာနှင့်ပထဝီစာ) ဘာသာရပ်များကို ဖြေဆိုလျက်ရှိသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)