သရက်မြို့၌ မွေးမြူရေးသင်တန်း ဖွင့်လှစ်

သရက် မတ် ၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဖွင့်လှစ်သည့် မွေးမြူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူရေးကိုလည်း တစ်ဖက်တလမ်းမှ တစ်ပိုင်တစ်နိုင်လုပ်ကိုင်၍ ဝင်ငွေရရှိအောင် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မွေးမြူရေးအား တစ်ပိုင်တစ်နိုင် ဆောင်ရွက်ရာတွင် မိရိုးဖလာအတိုင်း မွေးမြူနေကြရာမှ ယခုလို မွေးမြူရေးပညာပေးသင်တန်းကို တက်ရောက်ခြင်းဖြင့် မြေနေရာအဆောက်အဦး ရွေးချယ်တည်ဆောက်တတ်စေရန်၊ မျိုးကောင်းမျိးသန့်များ ရွေးချယ်မွေးမြူတတ်စေရန်၊ တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အစာကျွေးမွေးမြူစနစ်များသိရှိစေရန်၊ ကာကွယ်ဆေးနှင့် ကုသဆေးများ ထိုးနှံဆောင်ရွက်ရမည်ကို သိရှိလာပြီး မွေးမြူရေးဗဟုသုတများ ကြွယ်ဝ၍ ယခင်ကထက် နည်းစနစ်တကျမွေးမြူတက်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေ၍ ဝင်ငွေများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းနှင့်ပတ်သက်သည်များကို ပြောကြားပေးခဲ့သည်။ အဆိုပါ သင်တန်းကို မတ်လ (၆)ရက်နေ့မှ (၈)ရက်ထိ သင်တန်းသား (၂၀)ဦးဖြင့်  ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)