ပြည် မတ် ၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းရှိ KTV ဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး/အကြံပေးခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် တပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အဆိုပါဆိုင်များရှိ လျှပ်စစ်မီးကြိုးများနှင့် လျှပ်စစ်မီးသုံးစက်ပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိနှင့် စနစ်တကျသွယ်တန်းအသုံးပြုမှု ရှိ/မရှိ အခြေအနေ၊ မီးဘေးကာကွယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ အရံသင့်ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက သက်ဆိုင်ရာ ဆိုင်တာဝန်ခံများနှင့် ဝန်ထမ်းများအား နွေရာသီရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်ဝိုင်ယာရှော့ခ်များအပါအဝင် မီးလောင်မှုများ မဖြစ်ပေါ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန်နှင့် လိုအပ်သည့် ပြုပြင်မှုများကို ချက်ချင်းပြုပြင်ဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)