သံတောင်ကြီး မတ် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာနှစ် ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ ဒညင်း စသည့်နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်းရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိပြီး ယခုအချိန်တွင် တောင်ယာငရုတ်သီးများ ဆွတ်ခူးရောင်းချရာတွင်ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ တောင်ယာငရုတ်သီးများကို သံတောင်ကြီးမြို့ပေါ်တွင် သာရောင်းချပြီး ငရုတ်သီးစိမ်းတစ်ပိသာလျှင် ကျပ်(၁၅၀၀၀)မှ ကျပ် (၁၇၀၀၀)အထိ ရရှိသည့်အတွက် အပိုဝင်ငွေရရှိကြောင်း တောင်ယာငရုပ်သီးစိုက်ပျိုး လုပ်ကိုင်သူဦးစောဘာဘာထူးထံက သိရသည်။
နော်နော်မူ